ဟိုင်းကြီးကျွန်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရက်ကွက်၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုင်းကြီးကျွန်း မြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၂ ရက်နေ့အထိ (၂)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။