လမ်းမတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show အစီအစဉ်ကျင်းပ

လမ်းမတော် ဒီဇင်ဘာ   ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို Talk Show အစီ အစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်တွင်၊စာရေးဆရာမ ညွန့်ညွန့် (အငြိမ်းစားကျောင်းအုပ်ဆရာမကြီး) က လွတ်လပ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ တိုင်းရင်းသားခေါင်ဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်း များစွာဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရရှိလာသော လွတ်လပ်ရေးအား၊ အလေးထား တန်ဖိုးထားပြီး၊ လွတ်လပ်ရေးမဆုံးရှုံးအောင် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ စသည့် သိကောင်း စရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို လမ်းမတော်မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်