ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ရန်ကင်း ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဒေသခံပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးလှတိုး (တိုးထက်) ကစာရေးဆရာ ဦးရန်အောင် ရေးသားသောကဗျာများထဲမှ ကဗျာရေးစပ်နည်း၊ လက်တန်း ကဗျာရေးဖွဲ့ပုံတို့နှင့် ပတ်သက်၍ လည်းကောင်း၊ စာရေးဆရာ ဦးမြင့်ဝင်း (ဖျာပုံစိုးသား) က မြန်မာစာ ရေးသားရာတွင် သတ်ပုံမှန်မှု၊ အဓိပ္ပာယ်လွဲမှားမှု၊ စကားလုံးအသုံး အနှုံးများမှန် ကန်စွာ အသုံးပြုနိုင်းရေးစသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေး တတ်သည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စာဖတ်ဝိုင်းပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားသည်။ ထို့နောက်တက် ရောက်သည့် စာပေချစ်မြတ်နိုး သူများမှလည်း အသိပညာခြင်းဖလှယ်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှလှေထွး (ပြန်/ဆက်)