စေတုတ္တရာမြို့တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြု ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

စေတုတ္တရာ ဒီဇင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေး၊ ရောဂါပိုးရပ်တန့်သွားနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း  အိုမီခရွန်ရောဂါ အပါအဝင် ကြိုတင်ကာကွယ်ဆောင်ရွက် ထားရှိနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ကို ယနေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာအတွင်း အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ယင်းသို့အသိပညာပေးနှိုးဆော်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များအတွင်း  ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကူးစက်နိုင်မှု အခြေအနေများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မြေနီကုန်းကျေးရွာ အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်နာပူးပေါင်း ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင်(ပြန်/ဆက်)