ဒေးဒရဲ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒါးချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပန်းခင်းစီမံချက် ဆောင်ရွက်ပေးခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟော ပြောခြင်းနှင့် ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ပြီး ဖျာပုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၂၅)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၁၂၁) ဦး၊ အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား လှဲလှယ်သူ (၁၆) ဦးနှင့် အိမ်ထောင်စု (၂၀၀) စုအား အိမ်ထောင်စုစာရင်းပုံစံများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
အေဇာလင်း(ပြန်/ဆက်)