မိုင်းကိုင် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းအုပ်စု များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield, Sinopharm ၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဟူ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်း လူဦးရေ၏ ၇၅.၇၄%ကို ထိုးနှံပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေ ၂၃၀၅၇ ဦး ရှိသည့်အနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၇၆၉၀ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၃၅၄၅ ဦးနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်း ၇၆.၇၂% ရှိပြီး၊ အသက် ၁၂ နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးရန် အကျုံးဝင်သူဦးရေ ၁၁၃၃ ဦး ရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၆၃၂ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၈၆ ဦးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာခိုင်နှုန်း ၅၅.၈ % ရှိပြီဖြစ်သည်။
သို့ဖြစ်၍ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ဦးရေ ပေါင်း ၂၄၁၉၀ ဦး ရှိသည့်အနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၃၂၂ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၃၉၃၁ ဦး၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်း ၇၅.၇၄% ရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများအားလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး တာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီ၏ စာရင်းများအရ သိရသည်။
ချော(မိုင်းကိုင်)