သတင်းများ

ကော့ကရိတ်မြို့၌ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊  ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင်  ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာ ဘာသာတို့ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စပယ်တောကျေးရွာတွင် (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများ ကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ထုတ်ချေးပေးထားသော (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စပယ်တောကျေးရွာ အောင်ချမ်းသာဓမ္မာရုံတွင် စပယ်တောစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့၌ အသက် (၅၀)နှစ် အထက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) စတင်ထိုးနှံပေး
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် အသက်(၅၀)နှစ်နှင့် အထက် ဌာန ဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက် (၂၅)နှစ်အောက် အေရိုးဗစ်ပြိုင်ပွဲဆုချီးမြှင့်
Jan 21,2022
သာယာဝတီခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၅) နှစ်အောက် အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ခရိုင်အားကစားခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်​ခဲ့သည်။
အခြေခံငါးမွေးမြူရေးလုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်
Jan 21,2022
အခြေခံ ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
မြောင်းမြတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ်အတွက်ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကိုယနေ့နံနက်(၁၀) နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရပါသည်။
မြို့နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ပွဲကျင်းပရေး အကြိုညှိနှိုင်းစည်းဝေး
Jan 21,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူ အစားထိုး ရွေးချယ်ပွဲ ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူပရိယတ္တိစာသင်တိုက်၌ ကျင်းပကြောင်း သိရသည်။
တောင်ကြီးမြို့၌ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book  Club) နှင့် လူငယ်အသင်း (Youth  Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။