ဟိုပန်၌ တတိယအသုတ်( ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်)တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။