သတင်းများ

ပလောက်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များ အား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့  Hand Speaker  ဖြင့် လှည့်လည်နှိုး ဆော်ခဲ့သည်။
ဝါးခယ်မမြို့နယ်‌ ဖိုးသာခွေးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး‌ရေစာရင်း ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Jan 21,2022
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်(၈)နာရီက  ဖိုးသာခွေးကျေးရွာအုပ်စု ရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်လွဲ ၂ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပနေ
Jan 21,2022
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မအောက်ပိုင်းဘောလုံးကွင်းတွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၁၃)ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းသာယာစွာဖြင့် ဘောလုံးပွဲများအား ဆက်လက် ယှဉ်ပြိုင်ကျင်းပလျက်ရှိသည်။
အမာမြို့၊ (၃)ရပ်ကွက်တွင် နေသူရိန်လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ နေသူရိန်လမ်းမကြီး ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကရသူရိမြို့တွင် အိုမီခရွန်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင်  အိုမီခရွန်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်တွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း ပိုးကရင်၊ မြန်မာဘာသာစကားတို့ဖြင့် ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အမာမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးခန်း၌  အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား  COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။