မိုင်းခတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
မိုင်းခတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ မြို့ပြပင်စင်(၂၄)ဦး၊ ကာကွယ်ရေး ပင်စင်(၇၄)ဦး၊ နိုင်ငံရေးပင်စင်(၁၉)ဦး စုစုပေါင်း(၁၁၇)ဦးတို့ကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာဦးဝင်းဇော်ဦးထံမှသိရသည်။