မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ စကုမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

မင်းဘူး      ဇန်နဝါရီ     ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ဒေသခံပြည်သူများနှင့် စကုမြို့ဂေါ်ဆွမ်းလောင်းဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးတို့အတွက် ယခုလိုကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာန အလိုက်လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းပြောကြားကာ ဒေသခံများ၏ အပ်လိုအပ်ချက်များကို ဆွေးနွေးမေးမြန်းခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေး၊ ပညာရေး၊  လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ လမ်း၊ တံတားနှင့် လျှပ်စစ် စသည်ဖြင့် ဒေသအကျိုးပြုလုပ်ငန်း ကဏ္ဍပေါင်းစုံ ဆောင်ရွက်ပေးနိုင်ရေး မြို့မိမြို့ဖ/ရပ်မိရပ်ဖများက အသီးသီးတင်ပြကြရာ တင်ပြမှုများအပေါ် ဘဏ္ဍာနှစ်အလိုက် ဘက်ဂျက်များ လျာထားဆောင်ရွက် ပေးနိုင်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်