ကွမ်းလုံ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် Woman Club အဖွဲ့ဝင် ဒေါ်အမ်ဘရားတို့မှ ဆပ်ပြာအရည်ပြုလုပ်နည်းအသိပညာပေး Online ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆပ်ပြာအရည်ပြုလုပ်နည်း အသိပညာပေး Online ဝန်ဆောင်မှုကို ကိုဗစ်-၁၉ရောဂါကာလအတွင်း ဝင်ငွေနှင့် ထွက်ငွေမမျှသော အိမ်ရှင်မများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ပြီး Woman Club အဖွဲ့ဝင် ဒေါ်အမ်ဘရားမှ ဆပ်ပြာအရည်ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။
ဆပ်ပြာအရည်ပြုလုပ်ရန် ကုန်ကြမ်းဝယ်ယူမှုတွင် စုစုပေါင်း(၈၅၀၀)ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး ဆပ်ပြာအရည်(၁၈)လီတာခန့်ရရှိကာ အဆိုပါဆပ်ပြာအရည်ကို ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်းနှင့် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)