တာချီလိတ်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်းရှိ အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် (၁၂၀၀)ဦးအတွက် ထမင်းဘူးများကို မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ ရန်အောင်မြေ(ပါလျှံ ၁)ရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်၌ သွားရောက်ဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်းအတွင်း အခြေခံလက်လုပ်လက်စား လူတန်းစားများ တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အထောက်အကူပြုအဖွဲ့က
စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝေငှလှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး အထောက်အကူပြုအဖွဲ့က လက်ခံဝေငှပေးခြင်းဖြစ်ကြောင်း၊ ယနေ့အလှူရှင်မှာ ဦးစိုးမိုးအောင်နှင့်ဇနီးဒေါ်လာခေလမိသားစုတို့မှ လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
တစ်ဘူးလျင် ထိုင်းဘတ်ငွေ(၂၀)တန်ဖိုးရှိ ထမင်းဘူးများကို စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူကြီး မင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်မြို့ ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့်အဖွဲဝင်များက ဝေငှလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အခြေခံလူတန်းစားများအတွက် ယနေ့ဝေငှလှူဒါန်းခြင်းသည်(၈)ကြိမ်မြောက်ဖြစ်ပြီး အပတ်စဉ် တနဂ်နွေနေ့တိုင်း လှူဒါန်းလျက်ရှိကာ ကလေးငယ်များအတွက် ပေါက်စီအလုံး( ၃၅၀) ကျော်ကိုလည်း အပတ်စဉ် တွဲလျက် လှူဒါန်းပေးလျက်ရှိကြောင်းသိရှိရသည်။
ယာဆေး