မိုးညိုမြို့နယ်အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်

မိုးညို    ဇန်နဝါရီ  ၂၃

ပဲခူးတိုင်း ဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂)ကို ယနေ့ နံနက် ၈ နာရီအချိန်ခွဲက သခင်လှရှိန် ရပ်ကွက်ရှိ မဟာသုမ င်္ဂလသီဟကြေးသွန်းဘုရားကြီးဓမ္မာရုံ၌  ဖွင့်လှစ်ခဲ့သည်။

အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂)သင်တန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်ဗိုလ်မှူး ရဲထွဋ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက ဦးမြဝင်းတို့က ကြက်ခြေနီအသင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင်ဘာသာရပ် (၁၃)မျိုးအား နည်းပြ(၁၀)ဦးတို့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ(၂၃-၁-၂၀၂၂မှ၂၇-၁-၂၀၂၂)နေ့ထိ၊(၅)ရက်ပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းသို့ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ကျော်မိုးနှင့်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)