ပေါင် ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကျွဲခြံအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြသည်။
ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်က နိုင်ငံသားစိစစ်ရေး ကတ်၊ ပန်းခင်းစီမံချက်တို့နှင့် ပတ်သတ်၍ သိသင့်သည်တို့ကို ဆွေးနွေးဟောပြောပြီး အ-ထ-က ကျွဲခြံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြား ချက်များနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃(က) ကျား(၁၂၆)ကတ်နှင့် မ(၁၅၆)ကတ်၊ စုစုပေါင်းနိုင်ငံသား စိစစ်ရေးကတ် (၂၈၂) ကတ်တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်