ကျိုက်လတ်မြို့နယ်၌ အသက် (၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိုက်လတ် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍၊  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက် ၁၈နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်‌ဆေးနှင့် ပထမအကြိမ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ခနောင်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူး‌ကျေးရွာအုပ်စု၊ ကိုင်းချောင်းကျေးရွာအုပ်စုတို့မှ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၈၀)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့်အသက် (၁၈)နှစ် အထက် ပြည်သူ(၇၇) ဦးအား ပထမအကြိမ် ကာကွယ်‌များ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်  အညီကာကွယ် ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်