ရှမ်းရွာသစ်မြို့ ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကျင်းပ

ရှမ်းရွာသစ် ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ရှမ်းရွာသစ်မြို့ မူလတန်းကျောင်းမှ ကျောင်းသား/သူ ကလေးငယ်များနှင့် အတူ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ‌‌ ဒေါ်အေး‌အေးနွဲ့က ကျောင်းသား/သူ ကလေးသူငယ်များ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ လူအများရှေ့တွင် သွက်လက်ထက်မြတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ် စေရန်၊ အားကစားစိတ်ဓာတ်ရှိစေရန်နှင့် နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်တတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကို ရှမ်းရွာသစ်မြို့ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၀)ကျော်က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများအား အမှတ်တရပစ္စည်းများ၊ မုန့်များ မြို့ပြန်/ဆက်ဦးစီးမှူးက ဆုများအဖြစ် ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)