ဒေးဒရဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ဒေးဒရဲ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၁၀၁၀)ဦးရှိပြီး ဇန်နဝါရီ ရက်နေ့မှ ၂ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)