၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလားအခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ဟင်္သာတ ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယမန်နေ့က မြို့နယ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ပညာရေးနယ်မြေ ၅ ခုမှ အလယ်တန်းဆင့် အထက်တန်းအဆင့် ကျောင်းသားများက အသင်း ၅ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ၂ ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။   ပြိုင်ပွဲမှ ထူးချွန် အားကစားသမားများအား ဟင်္သာတမြို့နယ် လက်ရွေးစဉ်အဖြစ် ရွေးချယ်ပြီး ၆ မြို့နယ် ခရိုင် အဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ