သာပေါင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် သာပေါင်းမြို့ နယ် YGW ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းသို့ ပုသိမ်ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးထွဏ်းထွဏ်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နည်းပြဆရာ၊ ဆရာမများက သင်တန်းတက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးတို့ကို ကြက်ခြေနီအသိပညာပြန့်ပွားစေရန်နှင့်ထိခိုက်ဒဏ်ရာရရှိသော ရပ်ရွာလူထုကို ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ကူညီကယ်ဆယ်နိုင်စေရန် ရည်ရွယ်ကာ (၂၁-၁-၂၀၂၂) မှ (၂၃-၁-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွာမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း