ရွှေကူမြို့၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဘတ်ဂျက်တွင်ဆောင်ရွက်မည့် (VDP) ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေကူ ဒီဇင်ဘာ ၃

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဘတ်ဂျက် တွင် ဆောင်ရွက်မည့်(VDP)ရန်ပုံငွေ သိန်း ၅၀ ကျပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀  နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးယဉ်ခိုင်က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းရည်ရွယ်ချက်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍      တောပုန်း၊ မြောက်ရွာ၊နောင်လက်ကြီး၊သင်္ဘောအင်း၊နှုတ်ချို စသည့်ကျေး ရွာ(၅)ရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်း ကော်မတီအဖွဲ့ဝင်များအား ရန်ပုံငွေသိန်း         ၅၀ ကျပ်ကို လွဲပြောင်းပေးအပ်ခဲ့သည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွေကူမြို့နယ်အတွင်း၌ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး(VDP) စီမံကိန်းအား ၂၀၂၁−၂၀၂၂   ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်မှစတင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလက်ရှိ၌ ကျေးရွာ(၅)ရွာအတွင်းရှိကျေးလက်နေ ပြည်သူ များကိုယ်တိုင် မိမိဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးပကတိလိုအပ်ချက်အတွက် ပြည်သူများကိုယ် တိုင်ဖော်ထုတ်၍ ကိုယ်တိုင်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံ ကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

ခရိုင်