ပခုက္ကူမြို့၊ အမှတ်(၅) ချည်မျှင်နှင့် အထည်စက်ရုံ ဝန်ထမ်းနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေး

ပခုက္ကူ ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့  နံနက် ၉ နာရီအချိန်မှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်ခင်ဖြူနိုင်နှင့်ဝန်ထမ်း‌တို့က ပခုက္ကူမြို့၊အမှတ်(၅)ချည်မျှင်နှင့်အထည်စက်ရုံရှိ ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မ(၁)ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (လဲလှယ်) ကျား(၁၉) ကတ်၊ မ (၁၅၅) ကတ် ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မိတ္တူ)မ(၃)ကတ်၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၇၉)ကတ်နှင့် တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း ၇ ခုတို့ကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျွန်းညိုရွာသစ် ကျေးရွာနေ ပြည်သူများအတွက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၁၁)ကတ်၊ မ(၁၁)ကတ်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၅)ကတ်၊ မ(၈)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၅)ကတ် တို့အား နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူး ဦးအောင်မျိုးထွန်းထံက သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)