ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်မထိုးနှံရသေးသည့် အသက်(၄၀)နှစ် အထက် ရဟန်းရှင် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ် နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ပထမအကြိမ် ကာကွယ် ဆေးလာရောက် ထိုးနှံကြသူကျား ၁၁၂၊ မ ၂၀၀ ဦး စုစုပေါင်း ၃၁၂ ဦးနှင့် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ ကျား ၂၃၉ ဉီး၊ မ ၄၁၂ ဉီး စုစုပေါင်း ၆၅၁ ဉီးရှိ ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
စန္ဒာမိုး(ပြန်/ဆက်)