မိုးညှင်း ဒီဇင်ဘာ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံနှိုင်ရေးအတွက် ဒီဇင်ဘာ(၂)ရက် နံနက် (၉)နာရီက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့နှိုးဆော်ပေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများနှင့် ကျေးရွာများအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ဆေးထိုးစုရပ်နေရာဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီအထိလည်းကောင်း၊ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိလည်းကောင်း ဒီဇင်ဘာ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဆေးထိုးလာသူများအနေဖြင့်လည်း မှတ်ပုံတင်(သို့) အိမ်ထောင်စုစာရင်းများ ယူဆောင်လာရမည်ဖြစ်ကြောင်းကို ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်