သတင်းများ

ဆင်ပေါင်ဝဲမြို့တွင် ယာဉ်ရပ်နားစခန်း မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယာဉ်ရပ်နားစခန်း မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြေပြုပြင်နေမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
နတ်မောက် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းကျဆင်းလာ
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု များလာပြီး တမံရေပိုလွှဲမှ  ယနေ့ နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ (၀ ဒဿမ ၂)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖောက်လုပ်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကွင်းဆင်းကြည့်ရှု
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း ကျေးရွာချင်းဆက်လမ်း (၄ မိုင်)အား သွားလာရေး ခက်ခဲသဖြင့် ကိုယ့်အားကိုယ်ကိုး တကြောင်းထိုးမြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၊ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 04,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုဂေါဇွန်းကျေးရွာအုပ်စု၊ သဗြေဇွန်းကျေးရွာတွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း၌ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခဲ့ရာ ၈၀ ရာခိုင်နှုန်း အောင်မြင်ဖြစ်ထွန်း
Dec 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အရည် အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကက်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၃၂၊ ရွာမကွင်း၊ ဦးပိုင်အမှတ် - ၄၂ - ၁၊ တောင်သူဦးထွေးလင်း၏ မိုးစပါးစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုအား တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူများ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အာရ်စီနှစ်ထပ် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်အား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီလုပ်ငန်းအရည်‌အသွေး ပြည့်မီမှုရှိ/မရှိကို ယမန်နေ့ က မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့မ အမှတ်(၁)ဈေးရှိ ပျံကျဈေးသည်များအား မဲနှိုက်စနစ်ဖြင့် ပြန်လည်နေရာချ ထားလျက်ရှိ
Dec 04,2021
မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ် မြို့မအမှတ်(၁)ဈေး    ချောင်းဆုံအနောက်  အောက်လမ်း လမ်းပေါ်ရှိ   လမ်းမြေတွင်ရောင်းချနေသည့်   ပျံကျဈေးဆိုင်များအား    ယခင်ဈေးရောင်းချနေသည့်  ဈေးဆိုင်ခန်းပိုင်ရှင်များကို   ယမန်နေ့ နံနက် ၁၀   နာရီက ဆိုင်ခန်းနေရာများအား   မဲစနစ်ဖြင့် ပြန်လည် နေရာချပေးသွားမည်ဖြစ်ရာ အဖွဲ့အခွင့်အရေး သားသတ် လိုင်စင် ဝက်၊ အမဲအသား ရောင်းဆိုင်မှအပ ကျန်ပျံကျဈေးသည်များအား အသား/ငါးအရောင်း ဆိုင်တန်း(၅၁)ကွက်၊ ကုန်စိမ်း (၈၀) ကွက်နှင့်  အခြား(၁၄၅)ကွက်ဖြစ်ခွဲ၍  စုစုပေါင်း (၂၇၆)ခန်းအား  မဲနှိုက်စနစ်ဖြင့်  နေရာချ ပေးလျက်ရှိကြောင်းသိရသည်။