စပါးသီးနှံစီပွားဖြစ် မျိုးသန့်မျိုးစေ့(CS Seed) စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းဖွင့်

ယင်းမာပင် ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အအတွင်းရှိ တောင်သူများအား စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ (CS Seed) စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟော က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက စပါးရိတ်သိမ်းရာသီဖြစ်၍ တောင်သူများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် တွင် စနစ်တကျ ရိတ်သိမ်း ထားသိုနည်းများ သိရှိနိုင်ရန်ရည်ရွယ်၍ ယခုလို ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းကို တောင်သူပညာပေး သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာမိုးက မရိတ်သိမ်းမီ အဆင့်တွင် ဆန်းစစ်ခြင်း၊  ရိတ်သိမ်းချိန်လွန် အဆင့်များတွင် အရည်သွေးပြန်လည် စစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင်ထုပ်ပိုးခြင်းများစသည့် စနစ်တကျ ဆောင်ရွက်ရမည့် ချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်း ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့(CSSeed) စိုက်ပျိုးထုန်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းသို့ ယင်းမာပင်မြို့နယ်အတွင်းမှ စပါးသီးနှံ စီးပွားဖြစ် မျိုးသန့်မျိုးစေ့(CSSeed) စိုက်ပျိုးထုတ်လုပ်သော တောင်သူများနှင့် စိတ်ပါဝင်စားသော တောင်သူများ တက်ရောက်လေ့လာကြပြီး သင်တန်းကာလမှာ တစ်ရက်တာ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ယင်းမာပင်)