ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံ​မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေ ၃ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်  (Community  Center)ခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက (Talk Show )ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ သစ်တောဦးစီးဌာနမှ တောခေါင်းဦးစောသန်းအောင်က ပိုင်ကျုံမြို့ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၁ခုနှစ်မှာ ကျေးရွာပေါင်း (၂၂)ရွာ၊ ပျိုးပင်ပေါင်း (၁၀၀၀၀)ခန့် ဖြန့်ဝေပေးခဲ့ပြီး ယနေ့ ၂ဝ၂၂ ခုနှစ်မှာ ပျိုးပင်ပေါင်း (၁၂၀၀၀) ခန့် ပျိုးထောင် သွားမည်ဖြစ်ကြောင်း၊ သစ်တော၊ သစ်ပင်ပြုန်းတီးမှုကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ သစ်တော၊ သစ်ပင်ထိန်းသိမ်းခြင်း‌ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပတ်ဝန်းကျင်များဖြစ်သည့် သစ်တော၊ သစ်ပင်၊ တော၊ တောင်၊ ရေ၊ မြေများ ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် တစ်ဦးတစ်ယောက်ဆောင်ရွက်လျှင် ထိရောက်ခြင်း မရှိပါကြောင်း၊ အများပြည်သူ ဝိုင်းဝန်းဆောင်ရွက်မှသာ လုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း တစ်သက်တာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ သစ်ပင်စိုက်ကြပါစို့ စသည့်အကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)