အိမ်မဲ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၁၁၅၂)ဦးနှင့် အပြင်ဖြေဆိုသူ (၁၇၃)ဦး စုစုပေါင်း (၁၃၂၅)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း (အ.ထ.က)ကျောင်း (၁၀)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း (၁၅)ကျောင်းတို့မှ အတွဲ(၁) ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၂၀၉)ဦး၊ အတွဲ(၂)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၉၄၈)ဦး၊ အတွဲ(၇)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၆၈)ဦး၊ စုစုပေါင်း ၁၃၂၅ ဦးရှိကြောင်းနှင့် ယခင်နှစ်က စာစစ်ဌာန (၉)ခုထားရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့ကြောင်း မြိုနယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်