ရမည်းသင်း ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာ အသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်အခြေခံပညာ ကျောင်းများ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင် စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အတွဲ-၃၀၊အမှတ်-၁၂၊၂၀၁၈ခုနှစ် ဒီဇင်ဘာလထုတ်မင်္ဂလာမောင်မယ် စာအုပ်မှစာရေးဆရာ မောင်နေဇင်(ဘုတလင်)ရေးသားသည့် "မသုံးလိုက်ရတဲ့မုန့်ဖိုး "စာမူဖြင့် စာပေဗဟုသုတပြည့်ဝစေရေး၊ စာပေ၏အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုခြင်းဖြင့် အမြင်ချင်း ဖလှယ်တတ်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာဖတ်ဝိုင်းကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်၊ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးမျိုးလွင်မှ စာဖတ် ခြင်းဖြင့် သုတ၊ ရသ ခံစားမှုကို ရှင်းလင်းဆွေးဆွေးကာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးအောင်ဝင်းနှင့်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်း အဖွဲ့ဝင်ဒေါ်ခင်လေးနီတို့က ဦးဆောင်၍ "မသုံးလိုက်တဲ့မုန့်ဖိုး"စာမူကိုဖတ်ကြားပြီးအတွေး၊ အသိ၊ အမြင်၊ဗဟုသုတနှင့်သုတ၊ ရသတို့ကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့်စာပေ ဝါသနာရှင်များကအသီးသီး ပါဝင်ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များမှ သိရှိလိုသည်များကို ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ ခရိုင်ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ကျောင်သူများ စုစုပေါင်း(၅၆)ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)၏