ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက် အတွင်းရှိနေအိမ်များ မီးဘေးလုံခြုံ ရေး ကွင်းဆင်းစစ်ဆေး

မောင်တော    ဇန်နဝါရီ  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့  နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကိုစနစ်တကျ အသုံးပြုစေရေး၊  လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများ အနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ် ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့်ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထား ရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန်မှာ ကြားခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)