ရန်ကင်း ဇန်နဝါရီ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပြားများ အသစ်ပြန်လည်ခင်းရန် အတွက် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ မိုးကောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပထမဦးစွာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိနှင့် သံဃာတော် အရှင်သူမြတ်တို့က အောင်ဂါထာ (၉)ကြိမ်ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး မင်္ဂလာအချိန် ကျရောက်သည့် နံနက်(၉)နာရီတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာဂန္ထဝါစက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာမိက ပန္နက်ရိုက်မင်္ဂလာ ပြုလုပ် ခဲ့သည်။ ယင်းနောက် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ မိုးကောင်းဆု တောင်းပြည့်စေ တီတော်ကြီး၏ ရင်ပြင်တော်ပေါ် ရှိကျောက်ပြားများမှာနှစ် ပေါင်း(၆၀)ကျော် ကြာမြင့်နေပြီဖြစ် သဖြင့် အသစ်ပြန်လည်ခင်းရန်အတွက် အလှူငွေပေးအပ်ပွဲကျင်းပခဲ့ရာ အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က လက်ခံ ရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဘုရားဂေါပကအဖွဲ့ဝင်များ၊ မြို့ မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)