သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ကြပ်ထောင်ကျေးရွာတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား၊  Door to Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို၊ ယနေ့နံနက်(၉)နာရီက ညောင်ကန်ဒေါင့်ကျေးရွာအုပ်စု၊ ကြပ်ထောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များအားလိုက်လံ ဆောင်ရွက်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ရပ်ကွက်အတွင်း လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် ဇာထိုးပန်းထိုး အခြေခံလက်မှုပညာသင်တန်းဖွင့်လှစ်
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ ၊ လူငယ်လူရွယ်များ အခြေခံအိမ်တွင်းမှု အတတ်ပညာများ လေ့လာသင်ယူနိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၇ ရက်ကစ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဇာထိုးပန်းထိုး အခြေခံလက်မှု ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ပိုင်းက တတိယနေ့အဖြစ် ဆက်လက် သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးသို့ ဥပဒေစာအုပ်များ လာရောက်လှူဒါန်း
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးကောင်းဆက်ဟိန်းက ဥပဒေစာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေး လှည့်လည်နှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ် နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်း ကို ယမန်နေ့ နံနက်ပိုင်းက မန်မိုင်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
မလှိုင်မြို့နယ်(ပြန်/ဆက်ရုံး)၌ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် စာပေဝါသနာရှင်များစုပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည် ။ 
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးဖြစ်၊ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန    မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။