မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 21,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြှိမ်း သတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့နံနက် ၉နာရီက ဌာနဆိုင်ရာ အဆောက်အဦရုံးများနှင့် ဝန်ထမ်းအိမ်ယာများသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။