ကမမောင်းမြို့၌ (၇၅) နှစ်​​မြောက် (စိန်ရတု) ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ​ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကမမောင်း ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင်(၇၅)နှစ်​မြောက် (စိန်ရတု) ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အဖြစ် နယ်ခြားစောင့်တပ်နှင့် မြို့ဘောလုံး အားကစားတိုးတက်‌ရေးကော်မတီ ဥက္ကဋ္ဌဖလားရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင်ံ့ပွဲ အခမ်းအနားကို ယမန်နေ့  ည​နေ ၃ နာရီ အချိန်က ကမမောင်းမြို့ မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ​ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ်၊ တပ်ရင်းမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြို့သည် ယခင်က ​ဘောလုံးအားကစားသမားများ အစဉ်အဆက်​ ပေါ်ထွက်ခဲ့သည့် မြို့ဖြစ်သည့်အလျှောက် ယခုအချိန်တွ​င် ဘောလုံးအားကစားကို အောင်မြင်စွာ ကျင်းပနိုင်ပါက ကမမောင်းမြို့၏ အေးချမ်းသာယာ​သောပုံရိပ်ကို ဂုဏ်ယူစွာ ဖော်ထုတ် နိုင်မည်ဖြစ်သဖြင့် အားကစားသမားများအ​နေဖြင့် အရှုံး၊ အနိုင် အဓိကမထားပဲ အားကစား စိတ်ဓါတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ခြင်းကိုသာ အဓိကထား၍ ကစားကြ​စေလို​ကြောင်း၊ ယခုလိုပြိုင်ပွဲများ ကျင်းပ​ပေးရခြင်းမှာ  ​ဘောလုံးအားကစားသမားများအ​နေဖြင့် ကျန်းမာကြံ့ခိုင်​သော အားကစား သမားများ​ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်​စေရန်၊ နိုင်ငံ​တော်မှ အားထားရသည့် အားကစား သမား​ကောင်းများ  ​ပေါ်ထွန်းလာ​စေ​ရေးနှင့် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်နှီးမှုကို ပြသသည့် ပွဲဖြစ်သည့် အတွက် ကျင်းပရခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။

ဘောလုံးအားကစားပြိုင်ပွဲတွင် အလွတ်တန်း ရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်  ဘောလုံးအသင်း (၁၅) သင်းတို့ဝင်​ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်​ပြီး ယမန်နေ့မှ ​ဖေဖော်ဝါရီလ  (၁၂)​ နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယ​နေ့ပထမပွဲစဥ်အဖြစ်  ဆွေမြတ်မျိုးကြွယ် အသင်းနှင့်  ငြိမ်းအသင်းတို့က ယှဉ်ပြိုင် ကစားကြမည်ဖြစ်​ကြောင်း ပြိုင်ပွဲကျင်းပ​ရေး ​ကော်မတီထံမှ သိရှိရသည်။

ကမမောင်း (ပြန်/ဆက်)