ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်စေရန်အတွက်၊ Phase(3,4,5) Second Dose ထိုးနှံရန် ကျန်ရှိသူများနှင့် Phase -6 First Dose ထိုးနှံခြင်း များကို၊ ဇန်နဝါရီ (၂၃) ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာခိုင်းနှုန်း လွှမ်းခြုံနိုင်စေရန်အတွက်၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ (၂၃-၁-၂၀၂၂)ရက်နေ့တွင် တွင်းဖြူကျေးရွာအုပ်စု၊ တောင်ပေါ်တောင်ကျေးရွာအုပ်စု၊ တောင်ပေါ်မြောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာအုပ်စု၊ ပုပ္ပားလွင်ကျေးရွာအုပ်စု၊ ဗြိစင်အင်းကျေးရွာအုပ်စု၊ ဝက်သချဉ် ကျေးရွာအုပ်စုနှင့် ကျောက်တံခါးကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပြီး၊ (၂၃-၁-၂၀၂၂) ရက်နေ့မှ(၃၀-၁-၂၀၂၂)ရက်နေ့အထိ တစ်ရက်လျှင် ကျေးရွာအုပ်စု(၇)အုပ်စုအတွင်းမှ ကျေးရွာ(၇)ရွာတွင် ဆေးထိုးစုရပ် များဖွင့်လှစ်ကာ နံနက်(၈:၃၀)နာရီမှ ညနေ (၄)နာရီအထိ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆေးထိုးနှံပြီးစီးမှုအနေဖြင့် Phase-4 ထိုးနှံပြီးစီးမှု (၁၄၂၅၂) ဦးရှိပြီး၊ Phase-5 ထိုးနှံပြီးစီးမှု (၂၈၀၃၅) ဦး ဖြစ်ကြောင်းနှင့် ဇန်နဝါရီ (၂၂) ရက်နေ့အထိ Phase-6 Firse Dose ထိုးနှံပြီးစီးမှု (၁၈၄၈) ဦး ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)