ပုလော ဒီဇင်ဘာလ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီ ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာသို့ ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပုလောမြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေး ဆွေးနွေး၍ လက်ကမ်းစာ စောင်များကို အခမဲ့ဖြန့်ဝေပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်ကျန်ရှိနေသူ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူ (၄၂)ဦး၊ လဲလှယ် (၁)ဦး ၊မိတ္တူ (၄)ဦး စုစုပေါင်း (၄၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)