သာကေတမြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ခရိုင်နှင့် မြို့နယ်အဆင့်ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ ကျင်းပ

သာကေတ    ဇန်နဝါရီ    ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၂၀၂၀-၂၀၂၁ပညာသင်နှစ် နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီ၌ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဇော်ဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူ များအား ဆုချီးမြှင့်ပေးခဲ့ရာ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ နေ့မြို့နယ်အဆင့်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသူ(၂)ဦး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ(၅)ဦး၊မြို့နယ် အဆင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့်တွင် ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူ(၃)ဦး၊ ခရိုင်အဆင့် ပိုစတာပြိုင်ပွဲ အလယ်တန်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ ခရိုင်အဆင့် ပန်းချီပြိုင်ပွဲ မူလတန်းအဆင့်တွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊မြို့နယ်အဆင့် ကဗျာပြိုင်ပွဲ အထက်တန်း အဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ အထက်တန်း အဆင့်လွန်ဆွဲပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူ(၆)ဦး၊ အလယ်တန်းအဆင့်ထုပ်ဆီးတိုး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မူလတန်းအဆင့်အပြေးပြိုင်ပွဲတွင် ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးများအား ပထမဆု(၁၈)ဆု၊ ဒုတိယဆု(၁၄)ဆု၊ ၊တတိယဆု (၁၅)ဆု၊ နှစ်သိမ့်ဆု(၂)ဆု စုစုပေါင်း(၄၉)ဆုဦးအား တာဝန်ရှိသူအသီးသီးမှဆုချီးမြှင့်ခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဇော်ဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊အဖွဲ့ဝင်(၂)ဦးညွန့်ဝေနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ