မန္တလေး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အား ပြည်သူများသိရှိလိုက်နာစေရန်အသိပညာပေးလက်ကမ်းစာစောင်နှင့်အာဏာဖီဆန်ရေး၊အသံတိတ်သပိတ်ပြုလုပ်ရေး၊ဈေးဆိုင်များပိတ်ရန် စသည်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးအရေးယူမှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ၁၉ ရပ်ကွက်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်များအတွင်း ဈေးဆိုင်များသို့ လိုက်လံပေးဝေခြင်း၊ သိရှိကြောင်းလက်မှတ် ရေးထိုးစေခြင်းနှင့်အသိပညာပေးလက်ကမ်းနှင့် ထုတ်ပြန်ကြေငြာချက် ဖြန့်ဝေပေးခဲ့သည့် ဈေးဆိုင်များအား စာရင်းပြုစုခြင်းများဆောင်ရွက်ကြသည်။
အဆိုပါ နိုင်ငံတော်သတင်းထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊NUG နှင့် ၎င်းတို့နှင့်ဆက်နွှယ်နေသည့် အဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ် များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု ကို ကြောက်ရွံ့မှု ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး အသံတိတ်(Silent Strike)သပိတ်ပြုလုပ်ကြရန်၊ လက်ခုပ်တီးခြင်း၊သံပုံတီးခြင်း၊ ကားဟွန်းတီးခြင်းများ (အသံထွက်သပိတ်)ပြုလုပ်ကြရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်၌ပျံ့နှံ့နေသည်ကို တွေ့ရှိရသည့်အတွက် ထိုလှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက တရားဥပဒေအရအရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ထားကြောင်း၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊NUG ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျှက်ရှိသည်။ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှု ဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူအနှောက်ယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ၁၂၄(က)နှင့် ပုဒ်မ၅၀၅ (က)၊ အီလက်ထရွန်းနစ်ဆက်သွယ်ရေး ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရသိမ်းဆည်းခံရနိုင်ပြီး၊ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သည်တို့ ပါဝင်ကြောင်း၊ ပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန ်နှင့် ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်ကို ထပ်ဆင့်နှိုး ဆော်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်မော်ထွန်း