မင်းဘူး၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် ကျေးရွာများအရောက် အသိပေးနှိုးဆော်

မင်းဘူး    ဇန်နဝါရီ    ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန် နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့ နံနက် နာရီအချိန်က  လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ နှိုးဆော်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်း ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသက် ၁၈ နှစ်ပြည့်ပြီး တစ်ကြိမ်မျှ ကာကွယ်ဆေး မထိုးရသေး သူများနှင့် Phase-6 ပထမအကြိမ်  ကာကွယ်ဆေးများ လာရောက် ထိုးနှံကြရန် မင်းပူး ဦးဩဘာသခန်းမနှင့် စကုမြို့ရှိ ကန်ဦး သဘာဝ တရားရိပ်သာတို့တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက မင်းဘူး(စကု)မြို့နယ် အတွင်းမှ ဇရပ်ကြီးကျေးရွာ အရောက် လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-5 ဆေးများထိုးပြီးသည်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၇၂၈၁၇ ဦးနှင့် ကျောင်းသား/ကျောင်းသူ ထိုးနှံပြီးသူပေါင်း ၇၅၄၆ ဦးခန့် ထိုးပြီးသွားပြီဖြစ်၍ ၆၅.၄၅ ရာခိုင်နှုန်ခန့် ထိုးနှံပြီးသွားသော်လည်း ဆေးထိုးရန် ကျန်ရှိနေသူများကို မင်းပူး ဦးဩဘာသခန်းမနှင့်  စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာ တို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ  သိရသည်။

ဇေယျာထက် (မင်းဘူး)