မင်္ဂလာဒုံ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်နွယ်မာထွန်း ဦးဆောင်သော အဖွဲ့က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ(၃၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ (၁၀)ဦး၊ လဲလှယ်(၂၇)ဦး၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၆၉)ဦးတို့ကို အသီးသီး ကွင်းဆင်းဆောက်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင့်ကြိုင်နှင့် အဖွဲ့ဝင်များက ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)