ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရက်ကွက်၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုင်းကြီးကျွန်း မြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၂ ရက်နေ့အထိ (၂)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံသားကတ်ကိုင်ဆောင်မှုအတွက် အသက် ၁၀ နှစ်နှင့်အထက် (၁၁) ဦး၊ အသက် ၁၈ နှစ်နှင့် အထက် (၂၅)ဦး၊ ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်ရာတွင် (၇၀)ဦး နှင့် ပျောက်ဆုံး၊ ပျက်စီး ထုတ်ပေးခြင်းတွင်(၉၀)ဦး၊ စုစုပေါင်း(၁၉၆ )ဦး ဆောင်ရွက်ပေးခဲ့ပါသည်။ ဟိုင်းကြီးကျွန်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားများအတွက် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကတ်အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁)ရပ်ကွက်တွင် စုစုပေါင်း ကျား ( ၉၄ )ဦး ၊မ( ၁၅၂)ဦး ၊စုစုပေါင်း(၂၄၆)ဦးကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နွေးနွေး