သံဖြူဇရပ် ဒီဇင်ဘာ ၁၂
ပွင့်လင်းရာသီကာလ ပြည်သူလူထု မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကာကွယ် ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
အဆိုပါမီးဘေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် များက မီးလောင်မှု ဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ မီးသတ်ယာဉ်ဖြင့် ရေပက်ဖြန်း မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ အသင့်ဖြစ်နေစေရန်အတွက် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်နေကြကြောင်းသိရသည်။
အေးအေးမွန်