ပုသိမ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ပုသိမ်      ဒီဇင်ဘာ    ၁၃

ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ပုသိမ်မြို့ မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာတွင်  ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

သင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးပိုင် တို့မှ အမှာစကားများပြောကြားခဲ့ကြပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

သင်တန်းကို ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာ(၁၁)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၀.၁၂.၂၀၂၁) ရက်နေ့မှ (၂၉.၁၂.၂၀၂၁)ရက်နေ့အထိ ရက်ပေါင်း(၂၀) ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်ခရိုင် (ပြန်/ဆက်)