မြစ်သား ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ လထုတ်အတွဲ(၁၈)အမှတ်(၂၁)စာစောင်ပါ စာရေးဆရာမြတ်လေးမြင့် ရေးသားထား သော"ပေါ့ပါး ပျော်ရွှင် စိတ်ကြည်လင်ကျန်းမာရေးကိုမြတ်နိုးကြစို့အစဉ်"ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြော ကြား ပြီး (ဒုတိယဦးစီးမှူး) ဒေါ်မြမြမွန်က "ပေါ့ပါးပျော်ရွှင်စိတ်ကြည်လင် ကျန်းမာရေးကိုမြတ်နိုးကြစို့ အစဉ်" ဆောင်းပါးတွင်ပါဝင်သောရာသီဥတုမရွေးတစ်နှစ်ပတ်လုံး လူတိုင်းပြုလုပ်သင့်ကြတာက ကျန်းမာရေး လေ့ကျင့်ခန်းများဖြစ်ကြောင်း၊ ကျန်းမာရေးကို ချစ်ကြ၊ မြတ်နိုးကြ ၊ တွယ်တာကြတဲ့ သူတွေ အတွက် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်းကို အကျယ်တဝင့် ဆွေးနွေးကာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးချစ်ကောင်း(ချိုသာထွန်း)မြစ်သားက အဆိုပါ ဆောင်းပါး တွင်ပါဝင် သောအကြောင်းအရာများဖြစ်သည့် "ကျန်းမာပကတိရှိစေဖို့ နေ့စဉ်မှန်မှန် လမ်း လျှောက်ရင်၊ အားကစား တစ်ခုခုကို လုပ်မယ်ဆိုရင် လူရဲ့နှလုံးခုန်အား မှန်ကန်မှုရှိပြီး နှလုံးရောဂါ မရနိုင်ကြောင်း၊ သွေးပြန်ကြောနံရံတွေပျော့ကာ ခန္ဓာကိုတစ်ခုလုံးကို သွေးရောက် ကြောင်း၊ သွေးတိုးရောဂါကင်း စင်ပြီးသွေးတိုး ရောဂါရှိကပါကလည်း သွေးတိုးပျောက်ကင်း ကြောင်းစသည့် လမ်းလျှောက် ခြင်းအကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက် လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြား ချက်များနှင့် အညီ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများဖြင့် လစဉ် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြမြမွန် (မြစ်သား)