ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှါးရမ်းခြင်းဆောင်ရွက်

ကွန်ဟိန်း   ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှါးရမ်း ခြင်းအား ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၁:၀၀)နာရီအချိန်ခန့်က အမှတ်(၅) ရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ် ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည် ဖြစ်ပါ သည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်း၊ဝတ္ထု စာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)