ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်
ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ပဉ္စမအသုတ်(ပထမအကြိမ်) အဖြစ် သံဃာတော်နှင့်သီလရှင်(၈)ပါး၊ နိုင်ငံဝန်ထမ်း (၃၉)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၆)ဦး၊ ဟိုတယ်/တည်းခိုခန်းလုပ်ကိုင်သူ(၁)ဦး၊ အခြားဝင်ငွေရပြည်သူ(၁၈၂၈)ဦး၊ မှီခိုပြည်သူ(၂၁၂)ဦး၊ စုစုပေါင်း(၂၀၉၄)ဦး ထိုးနှံ ပေးပြီးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၁၈၁၀)ဦး၊ တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် (၁၃၅၈၉)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)