မြောင်းမြ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် Hein Badminton Club ၏၂၀၂၁ ခုနှစ် ပထမအကြိမ် ဖိတ်ခေါ်ကြက်တောင်ရိုက် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁)နာရီက နောင်ရိုးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Hein Badminton Club ၏ ၂၀၂၁ ခုနှစ် ပထမအကြိမ် ဖိတ်ခေါ်ကြက်တောင်ရိုက် ပြိုင်ပွဲတွင် အသက်(၉)နှစ်အောက် (ကျား၊မ) တစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၁၁)နှစ်အောက် (ကျား၊မ) တစ်ဦး ချင်းပြိုင်ပွဲ၊ အသက်(၁၁)နှစ်အောက် (ကျား)နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃) နှစ်အောက် (ကျား၊မ)တစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၁၃)နှစ်အောက် (ကျား)နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅) နှစ်အောက် (ကျား)နှစ်ယောက် ပြိုင်ပွဲ၊ လူသစ်တန်း(ကျား၊မ) တစ်ဦးချင်းပြိုင်ပွဲ၊ လူသစ်တန်း (ကျား)နှစ်ယောက်တွဲပြိုင်ပွဲနှင့် သာမန်တန်း(ကျား)နှစ်ယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ ပျဉ်းမနား၊ ပုသိမ်၊ အင်္ဂပူ၊ ဘိုကလေးနှင့် ဝါးခယ်မမြို့နယ်များမှ ကြက်တောင်အားကစားဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
စန္ဒာကြည် (ဦးစီးအရာရှိ)