ကော့မှူးတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Dec 12,2021
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက် ဆုတောင်းပြည့်စေတီတော်ကြီးပေါ်တွင်၊ အမှိုက်များရှင်းလင်းခြင်း၊ ဘုန်းတော်ကြီး ကျောင်းတိုက်များအတွင်းရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများသွားရာ လမ်းဘေးဝဲယာရှိ ချုံနွယ်၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းများကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။