မိုင်းဖြတ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း(Omicron)ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက နမ့်လောက်ကျေးရွာနှင့် ဝမ်ဆာကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရှောလမွန်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများက အိုမီခရွန် (Omicron)အပါအဝင်ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို မိမိကစ၍ ကာကွယ်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်မပျက်ထိုးနှံရေး၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ရောဂါကူးစက်မှုများ မရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ ကျန်းမာရေးစစ်ဆေးမှု၊ ကာကွယ်ဆေးထိုးနှံမှု ခံယူပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး