ထန်းတပင်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ဆက်လက်ထိုးနှံပေး

ထန်းတပင်    ဒီဇင်ဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ပထမအကြိမ်  ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း လိုအပ်သည့်ကူညီမှုများ ဆောင်ရွက် ပေးခြင်း စာရင်းမှတ်တမ်း ကောက်ယူခြင်း၊ ရေးသွင်းခြင်း  ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ထန်းတပင်မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမယ့် အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၁၀၂)ကျောင်းမှ အသက် (၁၂) နှစ်အထက် ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း (၆၂၂၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပြီး၊ ယနေ့တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ(၄၁၆)ဦးကို ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။